မြန်မာမူးယစ်ဂိုဏ်း ထိုင်းရဲဖမ်း

ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင်နဲ့  ထိုင်းတောင်ပိုင်းမှာ အဓိက မူးယစ် ဂိုဏ်းဝင်တွေကို ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့ သလို ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်း၄၀၀လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေး၃သန်းခွဲကို ဖမ်းမိကြောင်း အမှတ် (၈) ဒေသ မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ …

မြန်မာမူးယစ်ဂိုဏ်း ထိုင်းရဲဖမ်း

အာရှအလင်းရောင်ဆရာတော် တောင်ဒဂုံအစ္စလာမ်ဘာသာဝင်တွေကို နှစ်သိမ့်အားပေး

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ္မဒန် ဥပုဒ် ကာလအတွင်း တရားဝင်သတ်မှတ်ထားတဲ့ ဝတ်ပြုဆုတောင်းတဲ့ နေရာတခုကို လူအင်အား ၁၀၀ ကျော်လောက်က မေလ ၁၅ရက်က ဝင်ရောက်တားဆီးခဲ့တဲ့အတွက် ယာယီ ဝတ်ပြုမိန့် ပိတ်ထားရာကနေ ဒီကနေ့ မနက်ပိုင်းကစပီး ဝတ်ပြုခွင့်ပြုလိုက်ပါပီ။ …

အာရှအလင်းရောင်ဆရာတော် တောင်ဒဂုံအစ္စလာမ်ဘာသာဝင်တွေကို နှစ်သိမ့်အားပေး

မြန်မာတပ်ချုပ် Twitter အကောင့် အပိတ်ခံရ

မြန်မာနိုင်ငံ ကြည်း၊ ရေ၊ လေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို တွစ်တာက ဖယ်ရှားလိုက်ပါတယ်။ …

မြန်မာတပ်ချုပ် Twitter အကောင့် အပိတ်ခံရ

တရားမ၀င် တရုတ်နိုင်ငံသား အများအပြား တာချီလိတ်မှာ ဖမ်းဆီးမိ

ထိုင်း-မြန်မာနယ်စပ် တာချိလိတ်မြို့ မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံသား ၂၀၀ နီးပါးကို မူးယစ်ဆေးဝါးတွေ လက်နက်တွေနဲ့အတူ ဖမ်းဆီးမိပါတယ်။ …

တရားမ၀င် တရုတ်နိုင်ငံသား အများအပြား တာချီလိတ်မှာ ဖမ်းဆီးမိ

နိုင်/ကျဉ်း လွတ်မြောက်ရေး စုဖွဲ့လှုပ်ရှား

ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက်ဆိုပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ စတင်ပြီး စုစည်းလှုပ်ရှားလာပါတယ်။ …

နိုင်/ကျဉ်း လွတ်မြောက်ရေး စုဖွဲ့လှုပ်ရှား

ရခိုင်စစ်ရှောင်အခြေအနေနဲ့ အရပ်သားဖမ်းဆီးမှု စိုးရိမ်ရ

ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ပြေးနေရတဲ့ ဒေသခံ စစ်ရှောင်ဦးရေ ၄၀,၀၀၀ နီးပါးအထိ ရှိသွားပြီ်ဖြစ်ပြီး သူတို့အတွက် အရေးပေါ်သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ် ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။ …

ရခိုင်စစ်ရှောင်အခြေအနေနဲ့ အရပ်သားဖမ်းဆီးမှု စိုးရိမ်ရ

ထောင်ဆူပူမှုများနှင့် အမြင်အမျိုးမျိုး

အကျဉ်းထောင်ဆူပူမှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေး သွားမယ်လို့ မနေ့တုန်းကထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်း သက်သာခွင့်နဲ့ အကျဉ်းသားတွေ သောင်းနဲ့ချီ မကြာခင်က ပြန်လွှတ်ပေးတဲ့အပေါ် မျှတမှုမရှိဘူးလို့ အကျဉ်းသားတွေက ပြောနေကြတာပါ။ …

ထောင်ဆူပူမှုများနှင့် အမြင်အမျိုးမျိုး

မြန်မာ – ယူနန် ကုန်ဖလှယ်ရေးသဘောတူညီမှု နောက်ဆုံးအဆင့်ဆွေးနွေးမည်

ယူနန်ပြည်နယ်က လယ်ယာ စိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့ မြန်မာ့လယ်ယာ ထွက်ကုန်တွေ တိုက်ရိုက်လဲလှယ်ဖို့အတွက် နောက်ဆုံးအဆင့် အသေးစိတ် ဆွေးနွေးညှိနှိုင်းတာကို အခုမေလ ၁၂ရက် တရုတ်ပြည်ကူမင်းမှာ ၂ နိုင်ငံအစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးသွားဖို့ ရှိပါတယ်။ …

မြန်မာ – ယူနန် ကုန်ဖလှယ်ရေးသဘောတူညီမှု နောက်ဆုံးအဆင့်ဆွေးနွေးမည်

Reuters သတင်းထောက် ၂ ယောက် ပြန်လည် လွတ်မြောက်

သမ္မတဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့လည်း ပါဝင်ပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စတင်ဖမ်းဆီးခံရတဲ့ အချိန်ကနေ ရက်ပေါင်း ၅၀၀ကျော်အကြာမှာ သတင်းထောက် ၂ဦး ပြန်လွတ်လာတာပါ။ …

Reuters သတင်းထောက် ၂ ယောက် ပြန်လည် လွတ်မြောက်

တပ်စွဲဆိုတဲ့ အမှုတွေကြောင့် ဖမ်းဆီးမှုတွေတိုး

သင်္ကြန်ကာလတုန်းက စိစစ်ရေး ဆင်ဆာမတင်ပဲ သံချပ်စပ်ဆိုခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တချို့ကို အင်းစိန်ထောင်တွင်းအကျဉ်းချထားရုံမက အခုချိန်အထိ နေအိမ်တွေမှာ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးအရေးယူနေတုန်းပဲလို့ ကိုယ်တိုင်တရားစွဲဆိုခံရသူ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်ကပြောပါတယ်။ …

တပ်စွဲဆိုတဲ့ အမှုတွေကြောင့် ဖမ်းဆီးမှုတွေတိုး

မြန်မာ့ဒီမိုကရေစီရေး ကန်ဆက်လက်ကူညီသွားမည်

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ကူးအသွင်ပြောင်းရေး၊ စစ်မှန်တဲ့ အရပ်သားအစိုးရပေါ်ပေါက်ရေးစတဲ့ကိစ္စတွေကို အမေရိကန် ပြည်ထောင်စုကဆက်ပြီး ကူညီပံ့ပိုးသွားမယ်လို့ မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးစဉ်နဲ့ ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာနကြီး အမြဲတန်း အတွင်းဝန် David Haleက ပြောလိုက်ပါတယ်။ …

မြန်မာ့ဒီမိုကရေစီရေး ကန်ဆက်လက်ကူညီသွားမည်

မြန်မာသတင်းသမားတွေ အကာအကွယ်မဲ့နေဟု Pen Myanmar စစ်တမ်းထုတ်ပြန်

မြန်မာနိုင်ငံတွင်း သတင်းသမားတွေ သတင်းယူရာမှာ ခြိမ်းခြောက်ခံရတာတွေ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာတွေရှိနေပြီး၊ ဒီအတွက် သတင်းသမားတွေကို လုံလုံလောက်လောက် အကာအကွယ်ပေး နိုင်မှုမရှိဘူးလို့ Pen Myanmar အဖွဲ့က စစ်တမ်းကောက်ယူ ထောက်ပြထားပါတယ်။ …

မြန်မာသတင်းသမားတွေ အကာအကွယ်မဲ့နေဟု Pen Myanmar စစ်တမ်းထုတ်ပြန်

အပစ်ရပ် နှစ်လတိုး ကာလတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြှင့်မည်

အပစ်အခတ်ရပ်စဲမှုဟာ ကချင်နဲ့ ရှမ်းပြည်နယ်သာ ပါဝင်ပြီး လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မပါဝင်တဲ့အပေါ်မှာ ဝေဖန်တာတွေ ရှိသလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာဖို့အတွက် တောင်းဆိုတာတွေလည်း ရှိနေပါတယ်။ …

အပစ်ရပ် နှစ်လတိုး ကာလတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြှင့်မည်

အကျဉ်းသားစိစစ်ရေးကော်မတီ ဖွဲ့ဖို့ AAPP အကြံပြု

သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်သင့်လွှတ်ထိုက်သူတွေကို လွှတ်ပေးတယ်ဆိုရင် အကျဉ်းသားစိစစ်ရေးကော်မတီလိုမျိုး ဖွဲ့စည်းပြီး လူ့အဖွဲ့အစည်းကို အန္တရာယ်မပြုနိုင်သူတွေကို သေချာစိစစ် လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ …

အကျဉ်းသားစိစစ်ရေးကော်မတီ ဖွဲ့ဖို့ AAPP အကြံပြု

ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်

တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း မူဘောင်အောက်မှာ ရေရှည်ဘဏ္ဍာရေး အစီအစဉ်၊ ရံပုံငွေ လုံလောက်မှုဖို့နဲ့ ဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်တွေကို ကြိုတင်သတိပေးမယ့် စနစ်ကောင်း တရပ်ရှိဖို့ အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ …

ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်

ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရမယ့် မြန်မာ ၃၂ ဦးဖမ်းဆီးခံရ

လူကုန်ကူးတဲ့ကားတစီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခဲ့ရာမှာ လိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိန်းသိမ်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါ တယ်။ …

ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရမယ့် မြန်မာ ၃၂ ဦးဖမ်းဆီးခံရ

နှစ်နိုင်ငံ အကျိုးတူ ကိစ္စ ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်သမ္မတ ဆွေးနွေး

BRI စီမံကိန်းကို တရုတ်အစိုးရ စတင်ချိန် ကတည်းက မြန်မာက ပါဝင်ခဲ့ပြီဖြစ်သလို အကျိုးအမြတ် ကြီးကြီးမားမားရမယ့် ဒီစီမံကိန်း လုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်ဖို့ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရှီကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ …

နှစ်နိုင်ငံ အကျိုးတူ ကိစ္စ ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်သမ္မတ ဆွေးနွေး

Reuters သတင်းထောက်တွေအယူခံ ပယ်ချမှု နိုင်ငံတကာဝေဖန်

ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ၂ ယောက်ရဲ့ အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီကနေ့ ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံ တချို့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ ဝေဖန်လိုက်ကြပါတယ်။ …

Reuters သတင်းထောက်တွေအယူခံ ပယ်ချမှု နိုင်ငံတကာဝေဖန်

AA ရခိုင်လက်နက်ကိုင် လူမျိုးရေးအမုန်းတရားလက်မခံ – AA စစ်ဦးစီးချုပ်

ရခိုင်ပြည်နယ်တွင်း မြန်မာ့တပ်မတော် နဲ့ AA အဖွဲ့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကွန်ရက်တွေပေါ်မှာလည်း လူမျိုးရေးအရ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။ …

AA ရခိုင်လက်နက်ကိုင် လူမျိုးရေးအမုန်းတရားလက်မခံ – AA စစ်ဦးစီးချုပ်

စစ်တွေအကျဉ်းထောင်တွင်း ဆူပူမှုဖြစ်ပွား

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တဲ့ကိစ္စ မကျေနပ်ရာက ဧပြီ (၂၀)ရက် စနေနေ့ ညဦးပိုင်းမှာ ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်တွေက အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပုံရတယ်လို့ အကျဉ်းထောင်ရှေ့ သွားရောက် လေ့လာခဲ့သူတဦးက VOA ကိုပြောပါတယ်။ …

စစ်တွေအကျဉ်းထောင်တွင်း ဆူပူမှုဖြစ်ပွား